Chat with us, powered by LiveChat

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော National ICT Awards 2019 (Educational Project & Skills Competition)ဆုချီးမြှင့်ပွဲအခမ်းအနား

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော National ICT Awards 2019 (Educational Project & Skills Competition)တွင် ဆုရရှိခဲ့သော ပြိုင်ပွဲဆုရ ပရောဂျက်များ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၈ ရက်နေ့ (တနင်္လာနေ့)တွင် Zoom Online Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

            အဆိုပါအခမ်းအနားသို့ ပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ National ICT Awards 2019 (Educational Project & Skills Competition)ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်