Chat with us, powered by LiveChat

Myanmar Digital Education Platform (MDEP) ပေါ်တွင် ဘေးကင်းလုံခြုံသည့် အင်တာနက် အသုံးပြုမှုဆိုင်ရာ သင်ခန်းစာများ လေ့လာသင်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း

အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အွန်လိုင်းဘေးကင်း သင်ခန်းစာ ဗီဒီယိုများကို  MDEP အဖွဲ့နှင့် Plan international Myanmar တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် MDEP: Myanmar Digital Education Platform တွင် ထပ်မံထည့်သွင်းထားပြီးဖြစ်ပါသည်။ 

ဝင်ရောက်လေ့လာမည့် ဆရာ၊  ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်တိုင်လေ့လာ သင်ယူနိုင်ရန် http://mdep.moe.edu.mm:8080/register/public/  မှတဆင့် ဝင်ရောက်အသုံးပြုနိုင်ပါသည်။

Android ဖုန်းအသုံးပြုသူများအနေနှင့် “DBE LMS” application ကို ဒေါင်းလုတ် ပြုလုပ် ပြီးလည်း အသုံးပြုနိုင်ပါသည်။

Link ထဲရောက်ပါက “ကိုယ်တိုင်လေ့လာမည့်သူများ မှတ်ပုံတင်ရန်” ကိုနှိပ်ပြီး မှတ်ပုံတင်ရမည် ဖြစ်ပါသည်။ ယခုသင်ခန်းစာအား လေ့လာသင်ယူမည့် မည်သူမဆို “လက်ရှိရာထူး/အဆင့်” ဆိုသည့် နေရာတွင် ကျောင်းသားကို ရွေးချယ်ပေးမှသာလျှင် သင်ခန်းစာ ဗီဒီယိုကိုဝင်ရောက် လေ့လာနိုင်မည် ဖြစ်ပါသည်။

မှတ်ပုံတင်သည့်အခါ ထည့်သွင်းထားသည့် မွေးသက္ကရာဇ် နှင့် ဖုန်းနံပါတ်ကို သေချာစွာ မှတ်သားထားရန် လိုအပ်ပါသည်။ မှတ်ပုံတင်ပြီးနောက် သင်ခန်းစာထဲဝင်ရောက်လျှင် အဆိုပါအချက်(၂) ချက် မှန်ကန်မှသာ ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

သင်ခန်းစာ ဗီဒီယို (၇) ခုကြည့်ရှုပြီးပါက သင်ခန်းစာနှင့် သက်ဆိုင်သော မေးခွန်းများကို ဖြေဆိုနိုင် ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်